Positive Reinforcement


 မျှော်လင့်တာလဲ မျှော်လင့်ပါ..

ကိုယ့်အားကိုယ်လဲ ကိုးကြပါ..😇
ကျွန်တော်တို့ဆို
စိုက်ပျိုးရေးလုပ်တယ်
ကုန်ထမ်းတယ်
နေ့စား လဲ လိုက်လုပ်ကြတယ်..☺
ငှက်တွေ ရှဥ့်တွေ ပစ်စားတယ်
ကြွက်ထောင်စားတယ်
ပွေးလဲတူးစားတယ်.
အသီးအရွက်တွေလဲ
တောထဲခူးစားကြတယ်..😊
လှူသမျှကို
လန အတွက်ပဲဖြစ်အောင်
အတတ်နိုင်ဆုံး စံမံခန့်ခွဲတယ်..
ချွေတာ စားကြတယ်
နုတ်ခမ်းနီ
ရသလောက် ဝယ်တယ်
စုဆောင်း တယ်..😇
လှူတာတစ်ခုထဲ မျှော်ကိုးပြီး
ထိုင်စားနေကြ....
နိုင်ငံခြားကွန်မန်ဒိုတွေလို
အဝတ်အစားတွေဆင်ကြ.....
အရေးကြီးတာတွေ မဝယ်ပဲ
မင်းသားမင်းသမီးတွေလို
မီဒီယာတွေပေါ် ပုံလှလှတွေ ပြန့်အောင်ပဲ
Forshow ပုံတွေ ရိုက်တင်.....
သေနတ်ကြီး တကားကားနဲ့ လုပ်ပြကြ....😎
ဟော...
အခုကျမှ....
လန...လန..
အသံထွက်လာကြတယ်..
ဝမ်းလဲ နည်းမိတယ်..😢
လက်သည်ကိုပဲ အားမကိုးပဲ
ညှစ်အားလေးလဲ သုံးရမယ်..ဆိုတာ
ကျွန်တော်သိထားခဲ့ပါတယ်
ကိုယ်တိုင်လဲ....
ကြိုးစားအလုပ်လုပ်
ချွေတာစား..ပြီး
အစောကြီးကတည်းက
လန ...စုဆောင်း ထားမိမယ်ဆိုရင်..
အခုအချိန်ဟာ
​ဒီလောက် အသံထွက်လာမှာ
မဟုက်ပါဘူး....
ကျွန်တော် စထွက်လာကတည်းက
တော်လှန်ရေးဟာ
အနည်းဆုံး ၂ နှစ်ကြာမယ်လို့
တွက်ထား ခဲ့တာပါ..
ဒီကာလ အရှည်ကြီးအထိ
အလှူရှင်တွေ လှူဒါန်းမှုတွေ ဟာ
အကန့်အသတ် ရှိလာမယ်လို့လဲ
တွက်ဆ ထားခဲ့ပြီးသားပါ..
ဒါ့ကြောင့်...
ကိုယ်သွားမယ့်လမ်းကြောင်းနဲ့
လုပ်ရမယ့်အရာ
ပြင်ဆင်ရမယ့်အရာ
စုဆောင်းရမယ့်အရာတွေကို
အစောကြီးကတည်းက..
ကြိုတင် စီစဥ်ပြုလုပ်ခဲ့တာပါ...
အကျိုးဆက်ကတော့
အခုအချိန်မှာ
ခက်ခဲပေမယ့်...အရမ်းတော့
အထိမနာ ပါဘူး..
အရာရာအတွက်
အဆင်သင့်နီးပါးဖြစ်အောင်
ကြိုးစားနိုင်ခဲ့ပါတယ်..
မပြည့်စုံပေမယ့်
ဘယ်သူ့ကိုမှ အပြစ်မပြောနိုင်အောင်
လုပ်နိုင်ခဲ့တယ်လို့လဲ ထင်မိပါတယ်...
NUG မှာလဲ လိုအပ်ချက်ရှိပါတယ်..
တစ်နိုင်ငံလုံးရဲ့ ကိစ္စအဝဝကို
ခေါင်းပေါ်တင်ထားရမယ်ဆို
ဘယ်လောက်ခက်ခဲမလဲ
ကိုယ်ချင်းစာ နိုင်ပါလိမ့်မယ်..
ကျွန်တော်လဲ
လန.... လိုချင်တာပေါ.
ကျွန်တော်လဲ NUG ကို
အပြစ်ပြောချင်တာပေါ့..
ဒါပေမယ့်...
ဦးစီးဦးဆောင်လုပ်နေတဲ့
အဖွဲ့အစည်းတစ်ခုကို
ပြည်သူတွေ တော်လှန်သူတွေ
အမြင်စောင်း အထင်သေး
ပြီးတော့...
..
တော်လှန်ရေးအရှိန်ယုတ်လျော့ပြီး
တော်လှန်သူ တွေ သွေးကွဲစေမယ့်အလုပ်
မလုပ်မိအောင် ဆိုတဲ့ စိတ်တစ်ခုနဲ့
အပြစ်မပြောခဲ့ပါဘူး...
ပြောသင့်တဲ့အချိန်ကျရင်တော့
ပြောပါ့မယ်..
ဒီအချိန်ကတော့
အာဏာရှင်အလိုကျဖြစ်စေချင်နေတဲ့
သွေးကွဲခြင်း
အချင်းချင်းအပြစ်မြင်ခြင်း
ခေါင်းဆောင်အဖွဲ့အစည်းများပေါ်
ယုံကြည်မှုကင်းမဲ့ခြင်း
စိတ်ဓာတ်ကျဆင်းစေခြင်း
စတဲ့ အချက်တွေ မဖြစ်အောင်
အချင်းချင်း...
စုစုစည်းစည်း တက်တက်ကြွကြွနဲ့
ရှေ့ဆက်သင့်တဲ့ အချိန်ဆိုတာကို
မမေ့မလျော့ နှလုံးသွင်းပြီး
အရင်ကထက်ပို
စည်းလုံးသင့်ပါတယ်ဆိုတာတော့
ကျွန်တော့် ဦးနှောက်သေးသေးလေးက
တွေးမိနေပါတယ်....
တရားသော သူအားလုံး
ဘေးကင်း ရန်ရှင်းကြပါစေ...
စိတ်ချမ်းသာ ကိုယ်ကျမ်းမာကြပါစေ..😇
Caption ကတော့ Facebook ကနေ ကူးလာတာပါခင်ဗျာ။

ကျွန်တော်ပြောချင်တာကတော့ Positive Reinforcement can go a long way toward victory. ဆိုတာပါခင်ဗျာ။

Comments

  1. မှန်ပါတယ်။တစ်ဦးကိုတစ်ဦးအပြစ်ပြောနေလို့ကတော့ ရှေ့မရောက်ပါဘူး။ ခုရေတွင်းတူး ခုရေကြည်သောက်လို့လဲမရဘူး။ ဘယ်ကိစ္စမဆို အချိန်တခုဆိုတာ လိုကိုလိုအပ်တာပဲ။ တိုင်းပြည်တပြည်လုံး စနစ်ဆိုးအောက်က လွတ်ဖို့ဆိုတော့ အချိန်ပိုလိုအပ်တာပေါ့။ ဝေဖန်လို့ရတယ် အပြစ်မဆိုကြေး၊ သွေးမကွဲကြေးလေ။
    Admin ပြောသလို.....
    "Positive Reinforcement can go a long way toward victory." ✊

    ReplyDelete
    Replies
    1. လေးစားပါတယ် ရဲဘော်ရေ။

      Delete
    2. 👍👍👍👍👍
      ထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ် မယုတ်မလွန်တဲ့ကြိုးစားမှု့တော့စိုက်ရမယ် နတ်စီတဲ့အိပ်မက်လှလှများလွယ်လွယ်နဲ့မရ........

      Delete
    3. တွဲလက်တွေမြဲကြစေ။🤝

      Delete
  2. Let's enjoy our victory together.

    ReplyDelete
  3. Spring revolution produces millions of heroes!

    ReplyDelete
  4. No matter what we all will remain united.

    ReplyDelete
  5. May all the pdfs be safe and healthy.

    ReplyDelete
  6. "ဘယ်သူနိုင်မလဲ"


    အချိန်နဲ့အမျှ
    စကစဟာ စစ်သည်အင်အား လက်နက်အင်အားပြုန်းတီးချိနဲ့လာမယ်

    ပြည့်သူကာကွယ်ရေးတပ်တွေက စစ်သည်အင်အား လက်နက်အင်အားပွားများ တောင့်တင်း လာမယ်

    ပြည်သူတွေက အစိုးရကို
    မကိုးကွယ်မိဖို့သာလိုတယ်
    အစိုးရကောင်းဆိုတာ ပြည်သူ့အတွက် အစေခံဖြစ်ရမယ်

    NUG သည် တော်လှန်ရေးအစိုးရစစ်စစ်ဖြစ်ပြီး EAO များနှင့် အဏာမျှ‌ဝေကာ လက်တွေ့စစ်ရေး plans များ ပူးပေါင်း ဆောင်ရွက်နိုင်မှ ဒီတိုက်ပွဲ အမြန် အောင်ပါမယ်

    တောင်ပိုင်း
    မြောက်ပိုင်း
    အနောက်ပိုင်း
    အရှေ့ပိုင်း
    အလယ်ပိုင်း
    ပြိုင်တူလှုပ်ပြီး ဖက်ဆစ်စစ်တပ်ကို ချေမှုန်းကြပါစို့

    ပြည်သူတွေဘက်ကလည်းအရေးတော်ပုံအောင်ရမည်လို့
    ရွတ်နေယုံနဲ့လဲ တော်လှန်ရေးအောင်မြင်သွားမည် မဟုတ်ချေ
    တောင်ပေါ်မြေပြန့်တော်လှန်ရေးသမားတွေကို ထောက်ပံ့ကြ ဝန်းရံကြပါတော့
    ပြည်သူအ‌ပါင်း တို့



    San Zuren 🌸

    ReplyDelete
  7. ခိုင်းစား သုံးစားမရပဲ လူတွေကိုဒုက္ခပေးနေတဲ့နွားကြီးကို နွားသတ်ကုန်းသို့ တွန်းပို့ကြမယ်။

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
    Replies
    1. ဥပါတ်ရန်ဘေးကင်းစင်‌ဝေး ငြိမ်းအေးကြပါစေ။

      Delete
  9. This comment has been removed by the author.

    ReplyDelete
  10. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. Admin "Positive Reinforcement can go a long way toward victory." ပြောတာသိပ်မှန် ထောက်ခံတယ်✊✊✊

      Delete
  11. အား မလျှော့ စတမ်း
    လက်တွဲ မဖြုတ် စတမ်း
    ပုဝါ မကူ ရေမရှု စတမ်း
    အောင်ပွဲ မရမချင်း ကျွန်တော် ဟာ ကလစ်ကာ လေးပါ
    🥰🥰🥰။

    ReplyDelete
  12. စည်းလုံးစွာဖြင့်ကိုယ်အားကိုကိုးရှေ့ဆက်ကြမယ် 👍👍👍

    ReplyDelete
  13. စိတ်တိုလာပြီ မန့်တာမရ

    ReplyDelete
  14. Replies
    1. စည်းလုံးစွာရှေ့ဆက်ကြမယ်

      Delete
  15. 💙💙💙 Click. .24/11/2022 (5:26pm) fighting ပါဗျာ

    ReplyDelete
  16. မီးတွေခနခနပျက်နေလို့
    target တွေမပြည့်ဘူးဒီရက်ပိုင်တွေ
    အဆင်ပြေရင် data လေးတွေ
    ကူညီပေးကြပါအုံး 🤧
    09986010403

    ReplyDelete
  17. Positive Reinforcement can go a long way toward Victory.

    ReplyDelete
  18. သိပ်ကို မှန်ကန် သင့်မြတ်တဲ့ အတွေးပါ

    ReplyDelete
  19. အ​ရှေ့ဆီမှာ ​ရောင်နီသန်းလို့​နေပါပီ မကြာမီ ငါတို့အားလုံး​ပျော်ရွှင်စွာ ပြန်လည်ဆုံ​တွေ့ရ​တော့မယ် ​ပေးဆပ်ခဲ့ကြတဲ့ သူတစ်​ယောက်ချင်းဆီရဲ့ ​ကျေးဇူးတရားကို သိရင့် သူတို့ရဲ့​ပေးဆပ်မှု့ကို တန်ဘိုးထားပီး ချီတက်ကြမယ်

    ReplyDelete
  20. သူ့အတွေးလေးက ကောင်းလွန်းလိုက်တာ ဒါပေမဲ့ ဒီစကားတွေကို ပြည်သူတစ်ယောက် ထောက်ပို့တစ်ယောက်အနေနဲ့ ပြောမထွက် မပြောရက်ပါဘူး
    သူတို့ကို ငြိုငြင်ကြတယ်ထင်မှာစိုးလို့

    ReplyDelete
  21. အဖွဲ့ခေါင်းဆောင်တွေ အကုန် အဲလိုစဉ်စားတတ်ရင် ကောင်းမယ်ဗျာ။ အခုကြ ဘာနေနေ လန လိုရင် အပြစ်ပြောဖို့ဘဲ လုပ်နေကြတယ်

    ReplyDelete

  22. သာယာဖြောင့်ဖြူးတဲ့ဘ၀တွေရဖို့
    ခက်ခဲကြမ်းတမ်းတဲ့ခရီးတွေကိုကျော်ဖြတ်ရစမြဲပေါ့

    ReplyDelete
  23. အတူ ရှိနေပါတယ်

    ReplyDelete
  24. ⚡Click..Click..Click
    ⚡Click With Fight For Democracy.
    ⚡We Support PDF & We Win.

    ReplyDelete
  25. အားတွေရှိ ပိုClick

    ReplyDelete
  26. Fighting for freedom, justice and fedral democracy.
    Fighting together!

    ReplyDelete
  27. သတိ!
    ဓမ္မအသိနဲ့...
    စဉ်းစားဝေဖန်
    သုံးသပ်ဉာဏ်ဖြင့်ပိုင်းခြားသိ။
    သည်ပွဲသည်
    ပြည်သူရဲ့နောက်ဆုံးပွဲ
    နိုင်မှဖြစ်မဲ့ပွဲ
    သွေးမကွဲနဲ့
    ခိုင်မြဲလက်နဲ့
    လုပ်အမြဲအလုပ်တွေ
    နောက်တွန့်မနေနဲ့
    ဓါးသွေးအားမွေးလို့
    ရှေ့ဆက်ချီတက်စို့။
    "အရေးတော်ပုံအောင်ရမည်"
    TWC

    ReplyDelete
  28. တလရ အမြန်ဆုံး အောင်ပါစေ။

    ReplyDelete
  29. စစ်ခွေးသခ်ျိုင်း စစ်ကိုင်းတိုင်းးး💪💪💪

    ReplyDelete
  30. ❤️ + 🍞 = 👩‍❤️‍👨 / ❤️ + 🍞 = 👩‍❤️‍👨
    ❤️ + 🍞 = 👩‍❤️‍👨 / ❤️ + 🍞 = 👩‍❤️‍👨
    ❤️ + 🍞 = 👩‍❤️‍👨 / ❤️ + 🍞 = 👩‍❤️‍👨
    ❤️ + 🍞 = 👩‍❤️‍👨 / ❤️ + 🍞 = 👩‍❤️‍👨
    ❤️ + 🍞 = 👩‍❤️‍👨 / ❤️ + 🍞 = 👩‍❤️‍👨
    ❤️ + 🍞 = 👩‍❤️‍👨 / ❤️ + 🍞 = 👩‍❤️‍👨
    ❤️ + 🍞 = 👩‍❤️‍👨 / ❤️ + 🍞 = 👩‍❤️‍👨
    ❤️ + 🍞 = 👩‍❤️‍👨 / ❤️ + 🍞 = 👩‍❤️‍👨
    ❤️ + 🍞 = 👩‍❤️‍👨 / ❤️ + 🍞 = 👩‍❤️‍👨
    ❤️ + 🍞 = 👩‍❤️‍👨 / ❤️ + 🍞 = 👩‍❤️‍👨
    ❤️ + 🍞 = 👩‍❤️‍👨 / ❤️ + 🍞 = 👩‍❤️‍👨
    ❤️ + 🍞 = 👩‍❤️‍👨 / ❤️ + 🍞 = 👩‍❤️‍👨

    ReplyDelete
  31. ပေးမှဆပ်မှ ရမှာကို ပေးဆပ်ပါ။

    ReplyDelete
  32. အဓိကနဲ့သာမညကိုခွဲခြားသိဖို့.......
    ရည်ရွယ်ချက်နဲ့ပန်းတိုင်ကိုရောက်ဖို့ကပထမ .....ကျန်တာတွေက
    နောက်ဆက်တွဲတွေ......

    ReplyDelete
  33. စစ်အာဏာရှင်စနစ်မုချပျက်သုဉ်းစေရမည်

    ReplyDelete

Post a Comment

Popular posts from this blog

How are you feeling?