Treat?

မြန်မြန်ပြီးချင်ရင်တော့ များများ Support ရမယ်မလား?

ပြီးတော့ တူတူ ပျော်စရာတွေ ဖန်တီးကြမယ်လေဗျာ . . .


ဒီနေရာမှာ Crime လို့သုံးထားတာက  အခုလက်ရှိမှာ မကောင်းဆိုးဝါးတွေက ကြီးစိုးနေလို့ပါ။

Comments

  1. မှန်ပါတယ်
    ဒီကာလဆိုးကြီး မြန်မြန်ပြီးဖို့ များများကူကြရမယ်၊ ကလစ်တာအပြင် မြေပြင်မှာလဲ နိုင်ရာကူကြ၊ လှူကြရမှာပါ မဟုတ်ရင် ကြာနေဦးမှာပဲ.....

    ReplyDelete
    Replies
    1. စိတ်ချများကြီးထောက်ကူနေမှာ

      Delete
  2. အရင်က တိုင်းရင်းသားလက်နက်ကိုင်​တွေကိုလူဆိုး သပုန်လို့မြင်ခဲ့တယ်...အခု​တော့အမှားဆိုတာသိခဲ့ရပြီ အဲ့လိုမြင်ခဲ့မိလို့လည်း​တောင်းပန်ချင်တယ် ပြီး​တော့ မှတ်ပုံတင်က ဗမာလို့​ရေးထားတာကြီးကိုမြင်ရင်ရှက်တယ်...ငလမ မအလ မြန်မြန် tae ပါ​စေ...

    ReplyDelete
  3. တစ်ဦးဆောင်သော်မရ
    တစ်သောင်းဆောင်သော်ရ၏။

    ReplyDelete
  4. အားတင်းထားကြပါ
    နောက်တန်းကနေဝုန်းပေးနေပါတယ်

    ReplyDelete
  5. အပီးဝုန်းဗျာ clickပေးနေပါတယ်

    ReplyDelete
  6. PDF သူရဲကောင်းသို့


    အားမလျော့နှင် သူရဲကောင်းတို့
    အမှောင်ကြီးစိုး လမ်းကြောင်းလွဲလည်း
    ဝင်းပထွန်းတောက် နေ့သစ်ရောက်ဖို့
    တည်ဆောက်ကြရအောင်

    အားမလျော့နှင် သူရဲကောင်းတို့
    အဓမ္မတရား ကြီးစိုးနေလည်း
    ဓမ္မတရား အနိုင်ရမြဲ
    ဆွဲ၍ တည့်မတ်ကြရအောင်

    အားမလျော့နှင့် သူရဲကောင်းတို့
    ခက်ခဲကြမ်းတမ်း တို့ပင်ပန်းလည်း
    အနာဂတ်လမ်း ဖြောင့်မတ်တန်းဖို့
    လျှောက်လမ်းစီရီ အားသစ်ချီ၍
    ဒီမိုကရေစီ ပြည်သစ်ဆီသို့
    လျှောက်လမ်းကြပါစို့



    San Zuren 🌸

    ReplyDelete
  7. ဇွဲမလျော့နဲ့


    အောင်မြင်မှုဆိုတာ ကြိုးစား
    အားထုတ်မှု မပါပဲ မရဘူး
    ယုံကြည်ရာ တစိုက်မတ်မတ်
    လုပ်ပေးပါ

    အောင်မြင်မှုတိုင်းက မမြင်ရတဲ့
    ကြိုးစားအားထုတ်မှုတွေက
    လာပါတယ်

    အမှန်တကယ်အောင်မြင်ဖို့
    ကြိုးစားနေချိန်မှာ
    မိမိကိုယ်ကို ယုံကြည်ဖို့ပဲလိုတာပါ

    ဇွဲမလျော့နဲ့ ဆက်လျှောက်ပါ
    အောင်မြင်လာတဲ့နေ့
    သင် ပျော်ရွှင်ရပါလိမ့်မယ်



    San Zuren 🌸

    ReplyDelete
  8. ပြည်သူမှာ ပြည်သူပဲရှိတယ်


    ဝါဒ ကို စွဲနေသ၍
    ဝါဒစွဲ တော်လှန်ရေးဖြစ်နေမယ်...

    ငါတို့ ဝါဒ မစွဲမိစေဖို့
    ငါတို့ လွတ်မြောက်ခြင်းအတွက်
    ငါတို့ အတူတူ ရုန်းကြရမယ်...

    မင်းက ဘယ်က
    ငါက ဘယ်က မလိုဘူး...

    ပြည်သူမှာ ပြည်သူပဲ ရှိတာလေ...



    San Zuren 🌸

    ReplyDelete
  9. "မနက်ဖြန်"


    မိုးခိုနေတဲ့ တိမ်တွေ
    အနားရောက်လာတဲ့ ကျည်ဆံတွေ
    အဝေးရောက်နေဆဲ ကိုယ်ချင်းစာတရားတွေ

    ပြန်စရာအိမ်လည်း မရှိတော့ဘူး
    ငါပိုင်တာလည်း မရှိတော့ဘူး
    နောက်ထပ်ဆုံးရှုံးစရာ ဘာရှိသေးလို့လဲ

    သူရဲကောင်းဆိုတာ
    အမှန်တရားက လွဲရင်
    အားလုံးကို စွန့်လွှတ်ရဲသူဖြစ်တယ်

    အလင်းရဲ့တန်ဖိုးဟာ
    အမှောင်ထဲမှာ ပိုတောက်ပလေ့ရှိတယ်

    မနက်ဖြန်ဆိုတဲ့ စိတ်နဲ့
    အိမ်လွမ်းစိတ်ကို
    ညစဉ် ငါတို့ မီးဖိုခဲ့ကြတယ်



    San Zuren 🌸

    ReplyDelete
  10. ခေတ်ကိုရေးမယ့် သူရဲကောင်းများ


    သေသူ သေခဲ့ပြီ
    ရှင်ကျန်ရစ်သူကတော့
    လောကငရဲပါပဲ

    ပုံမှန်ဘဝ
    ပုံမှန်အပျော်
    ပုံမှန်ရက်စွဲတွေ
    ရှင်လျက်နဲ့ ဘဝခြားနေသလို
    ကိုယ်နဲ့ သက်ဆိုင်မှု မရှိတဲ့
    အတိတ်တွေလို

    နေရာသစ်ဟာ အလွမ်းတွေကို
    ထွေးပွေ့ဆီးကြို ထားလေရဲ့

    တော်လှန်ရေးဟာ
    သွေးဆိုရင်
    ချစ်ခြင်းမေတ္တာက
    အသက်ပါပဲ

    တဆစ်ဆစ်နာကျင်လည်း
    တင်းတင်းကြပ်ကြပ်
    ဖက်တွယ်ထားနေတုန်းပဲ

    ငါတို့ဟာ
    ခေတ်ကိုရေးမယ့် သူရဲကောင်းများ



    San Zuren 🌸

    ReplyDelete
  11. "စုပေါင်းအား"


    ရေရှိရင် ငါး ရှိတယ်
    ရေမရှိ ငါး သေမယ်
    ရေ နဲ့ ငါး ခွဲမ‌ရအောင်
    တစ်သားတည်း ရှိနေမယ့်
    ပြည်သူ ဟာ ရေ ပဲ
    ဓါးနဲ့ ခုတ်လို့ မပြတ်သလို
    အရှိန်အဟုန်နဲ့စီးဆင်းတယ်
    စမ်းချောင်း လေး စီးသလိုလည်း
    နူးညံစွာ သိမ်မွေ့တက်ကြတယ်

    ရေ အသက် တစ်မနက်တဲ့
    ပြည်သူမထောက်ခံတဲ့
    အာဏာရှင် အစိုးရ
    ငါတို့ လက်ထက်မှာ
    ဘယ်တော့မှ သက်ဆိုးမရှည်စေရ

    ရေ နဲ့ ငါး ပြည်သူ့မဟာဗျုဟာမှာ
    စစ်မိစ္ဆာ အမျိုးယုတ် ကို
    ကြိုးတုပ်ပြီး ကားစင်တင်
    ကြားချင်နေရင် ဝိုင်းတွန်းကြ



    /ငရာ/

    ReplyDelete
  12. ဖြတ်လမ်းမရှိ


    မိစ္ဆာ တွေ အတွက်
    ငါတို့ တွေကလည်း
    နောက်တွန့်လို့ ရွံနေစရာ
    တစ်ကွက် မှ ကို မရှိ

    လက်နက်တွေ မကိုင်ပဲ
    ငြိမ်းငြိမ်းချမ်းချမ်းနဲ့
    ဆန္ဒတွေ ထုတ်ဖေါ်ပြခဲ့သေးတယ်လေ
    နွေဦးမှာ သွေးအလူးလူးနဲ့
    လျှာတွေ အသားမာ တက်အောင်
    တောက် ခေါက်နေခဲ့ရသမျှ
    ခုတော့လေ ငါ နားလည်ပြီ

    တော်လှန်ရေးဆိုတာ
    သမိုင်းအဆက်ဆက်မှာ
    အသက် ကို စနက်တံ ဖြုတ်ပြီးမှ
    စိတ်ဓါတ်တွေ နဲ့ ချီတက်ခဲ့တာပဲ

    ဒီလိုပါပဲ..
    ကြားခဲ့ဖူးတဲ့ စကားပုံ တစ်ခုလိုပေါ့

    ကယ်တင်မယ့်သူတွေကလည်း
    ပါရမီတွေ ဖြည့်ကျင့်ရသလို


    ကယ်တင်ခံရမယ့်သူတွေကလည်း
    တရားထူးကို သိနားလည်ရတယ်

    အဲ့ဒါတွေ...အဲ့ဒိလိုတွေကြောင့်
    ဒီမိုကရေစီ သောင်ကမ်းဆိုက်ဖို့
    ဖြတ်လမ်းဆိုတာ ဘယ်တော့မှမရှိ


    /ငရာ/

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. စီရင်ပွဲ
    ~~~~

    မတရားမှု‌တဲ့
    အစွယ်တွေပြူး
    သွေးလူးပြတိုင်းသာ
    ကြောက်နေရရင်
    မိစ္ဆာတွေကိုပဲ
    ဘုရားသခင်တွေလို
    ကိုးကွယ်နေကြမှာပေါ့

    မတရားတာကို
    မမျှတတဲ့အကြောင်းတွေ ပြောမယ်
    မမှန်တာတွေကို
    မှားနေတဲ့အကြောင်း‌တွေ ပြောမယ်

    ဥတွေလည်း ကွဲ
    အသိုက်တွေလည်း ပျက်
    ယုတ်မာမှုတွေ ကို
    တရားစီရင်နိုင်ဖို့
    ငါတို့....အသက်တွေနဲ့
    လောင်းကြေးကို ထပ်မယ်

    နိုင်တဲ့မြင်းကိုမှ
    ရွေးလောင်းတက်တဲ့ ကမ္ဘာကြီးမှာ
    အင်အားကြီးတဲ့သူတွေ
    ရေးတိုင်း သမိုင်း ဆိုတာ မဖြစ်ပါဘူး

    အ‌မြဲတမ်း နောက်ကျတက်တဲ့
    အမှန်တရားကို
    ဒီတစ်ခါ ခပ်စောစောရောက်စေချင်လို့
    မဆိုင်သလို နေတက်တဲ့
    သူငယ်ချင်းရေ...
    လာပါ....
    မိစ္ဆာတွေ အစွယ်ချိုးမယ့်ပွဲမှာ
    ငါတို့အတူတူ တရားတွေ စီရင်ကြမယ်


    /ငရာ/

    ReplyDelete
  15. တို့တိုင်းပြည်


    ကချင်နှင့်ကရင်က
    အားအကိုးရဆုံး

    ကယားနှင့်ချင်းက
    အလေးစားရဆုံး

    မွန် ရခိုင် ရှမ်း ကတော့
    မပြတ်မသားနဲ့
    အားမရဆုံး

    ဗမာကျတော့လည်း
    ပြောက်ကြားတွေရှိတဲ့
    မြို့ကို အကြိုက်ဆုံး

    အချို့မြို့တွေက
    ကျွန်စိတ် မပျောက်‌သေး

    စစ်ကိုင်း မကွေးက
    ချစ်စရာ အကောင်းဆုံး



    San Zuren 🌸

    ReplyDelete
  16. "AT THE END"


    လွတ်လပ်ခြင်းဟာ ချစ်ခြင်းတရားလိုပဲ
    သိပ်အဖိုးတန်တော့လဲ ခက်ခက်ခဲခဲ
    ကြိုးစားခဲ့ရတာ ငါတို့တွေ ပြောကြမယ်

    ဒီမိုကရေစီဆိုတာ လွယ်လွယ်ရခဲ့တာမဟုတ် အသက်သွးချွေးများစွာ ပေးဆပ်ခဲ့ပြီးမှ ဖြစ်လာတယ်ဆိုတာ ငါတို့တွေ ပြောကြမယ်

    စစ်ကို မလိုလားပေမယ့် ငြိမ်းချမ်းရေးအတွက် တိုင်းပြည်သစ်အတွက် တိုက်ပွဲတွေ ဖြစ်လာရတယ်ဆိုတာ ငါတို့တွေ ပြောကြမယ်

    ဓမ္မနဲ့ အဓမ္မဟာ အင်အားသာဖြစ်ပြီး
    ကိုယ်ခြင်းစာတရားမရှိရင် ဘယ်တရားကိုမှ မယုံကြည်ကြဖို့ ငါတို့တွေ ပြောကြမယ်

    အင်အားဟာ သေနတ်ပြောင်းဝက ထွက်ပေမယ့် လူထုက အုပ်ချုပ် မခံလိုဘူးဆိုရင် အခိုင်မာဆုံး စစ်တပ်ရှိလဲ အုပ်ချုပ်လို့မရဘူးဆိုတာ ငါတို့တွေ ပြောကြမယ်

    ငါတို့တွေ ဆက်ရပ်တည်ဖို့ အားအင်တွေ
    ကုန်ခမ်းလာတဲ့အခါတောင်မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ အဆုံးထိသွားခဲ့တာ ငါတို့တွေ ပြောကြမယ်

    သေသူဟာ လွတ်မြှောက်သွားပြီး ရှင်သူက နောက်မျိုးဆက်အတွက် တိုက်ပွဲဝင်ခဲ့တာ
    ပေါ့ပေါ့ပါးပါး ရီရီမောမောနဲ့ ငါတို့တွေ ပြောကြမယ်


    San Zuren 🌸

    ReplyDelete
  17. ပျော်ရွှင်မှု


    ပျော်ရွှင်မှုဆိုတာ အဆင်သင့်လုပ်ထားပြီးသား အရာ မဟုတ်ပါဘူး

    ပျော်ရွှင်မှုဟာ ကိုယ့်ရဲ့ အပြုအမူတွေက ပေါက်ဖွားလာတာ ဖြစ်ပါတယ်

    အခုလို အဘက်ဘက်က ဆုတ်ယုတ်နေချိန်မှာ တစ်ဦးနှင့် တစ်ဦး ဖေးမခြင်း နွေးထွေးခြင်းဖြင့် မပျော်ပေမဲ့လဲ ပျော်‌အောင် နေပေးကြပါ



    San Zuren 🌸

    ReplyDelete
  18. အလုပ်တစ်ခုရပီ


    ငါ အလုပ်တစ်ခုရပီ
    ငါ့အလုပ်က လစာမရှိ

    ပင်စင်မရှိ
    ပိတ်ရက်မရှိ
    Public Holiday မှာတောင် မနားရ
    ပွဲတော်ရက်တွေမှာလဲ မနားရ
    အိပ်ချိန် စားချိန်လဲ မမှန်
    မိုးလင်း မိုးချုပ် တကုပ်ကုပ်

    ဒါပေမဲ့ အဲဒီအလုပ်ကို
    လုပ်နေရတာ ငါ ပျော်တယ်
    အဲဒါကတော့
    သူ့ကို " ကလစ် " နေရတဲ့ အလုပ်ပေါ့

    Hey, everybody click, everybody click
    " CLICK 2 DONATE "

    ReplyDelete
  19. "ဝင်သက် ထွက်သက်"

    ဆောင်းဟာ
    မိုးမသိအောင်
    တိတ်တိတ်လေး
    ခိုးဝင်လာတယ်

    ရွက်ကြိုးပြတ်သွားတဲ့
    လှေငယ်လို
    ဘယ်ကမ်းထိ
    ငါ...မျော‌နေရဦးမလဲ

    အသက်ရှုသွင်း
    ရှူထုတ်လိုက်တိုင်း
    ထိ သိ လိုက်တာက
    တော်လှန်ရေးနဲ့ ချစ်ခြင်းမေတ္တာ

    နောက်ဆုံး
    ငါ့ ...ထွက်သက်ထိပါပဲလေ


    San Zuren 🌸

    ReplyDelete
  20. အသွားနှစ်ဖက်နဲ့ ဓါး


    အသွားနှစ်ဖက်နဲ့ ဓါးလို
    ဒီနေ့ ဒုက္ခတွေဟာ
    နှစ်ဖက်စလုံးကို ထိတယ်

    ပိုအားစိုက်တဲ့ ဖက်က
    ပိုပြီး နာကျင်ရတယ်

    ဒါပေမယ့် အပြုံးမပျက်
    ရှေ့‌ဆက်တိုးနေကြတယ်

    တချို့က နာမည်မကြီးဘူး
    ဒါ‌ပေမယ့် ပုဒ်မကြီးတယ်

    သူ့အကြောင်း ပြည်သူက မသိဘူး
    ရန်သူကတော့ သိတယ်

    ရောင်နီလာရင် တလေးတစား
    ဂါရဝပြုရမယ့် သူတွေ

    ခေတ်က မှတ်ကျောက်တင်ထားတဲ့
    ပြည်သူ့သားကောင်းတွေကို
    အစဉ်အမြဲ ဦးညွတ်လျက်...


    San Zuren 🌸

    ReplyDelete
  21. ယုံကြည်မှု သစ်ပင်


    ယုံကြည်မှု သစ်ပင် ...
    အောင်ရမယ်ဆိုတဲ့
    စိတ်နဲ့ ရေဖျန်းပါ...
    မလျှော့ဘူးဆိုတဲ့
    စိတ်ကို မြေဩဇာ ကျွေးပါ
    အသီးအပွင့်တွေတင်
    မကပါဘူး...
    အရိပ်တွေလည်း မိုးပေးဦးမှာ
    ဟောဒီမှာ...ခင်ဗျားတို့
    အရိပ်ပဲ နေနေ
    အခက်ပဲ ချိုးချိုး
    အောင်စိတ်နဲ့ စိုက်တဲ့အပင်
    ရှင်ကို ရှင်ရမယ် ဗျာ
    ဘယ်သူ့..ဘယ်သူ့မှ
    ဇွဲ မလျှော့ကြေး...။


    /ငရာ/

    ReplyDelete
  22. လက်တွဲ မဖြုတ်ကြေး

    Hold on...
    ဓမ္မတရားတွေ ရဲ့
    အလင်းရောင်....
    အမှန်တရားတွေ အတွက်
    လောက ရဲ့ သစ္စာ
    ပြစ်ခွာတဲ့ မိစ္ဆာတွေ
    ကျဆုံးစေဖို့...
    ဒီမှာ...ဒီမှာ
    ယုံကြည်မှု တွဲလက်တွေ
    ဘယ်တော့မှ မဖြုတ်ကြေး

    /ငရာ/

    ReplyDelete
  23. ကိုယ့်ကိုယ်ကို ယုံကြည်ပါ


    အခက်အခဲတွေကြုံတိုင်း

    ကိုယ့်ထက်ဆိုးတဲ့ အခြေအနေမှာ
    ရင်ဆိုင်နေရတဲ့သူတွေကို ကြည့်ပီး

    ငါကအများကြီး လုပ်နိုင်ရမယ်လို့
    အားတင်းထားကြပါ

    ကိုယ့်ကို ကိုယ်ယုံကြည်ပါ
    ငါဖြတ်သန်းနိုင်မယ် ဆိုတာ✊🏻



    San Zuren 🌸

    ReplyDelete
  24. ငြိမ်းချမ်းရေး

    ကချင်က ဝါးခုတ်
    ကရင်က နှီးဖြာ
    ကယားက တိုင်ထူ
    ချင်းက ကြမ်းခင်း
    မွန်က နှီးချည်
    ဗမာက ထရံရက်
    ရခိုင်က သက်ငယ်ပျစ်
    ရှမ်းက ခြံစည်းရိုးကာလို့....

    မိုးပြာပြာအောက်
    ရိုးရာအိမ်ကလေး
    ဆောက်ကြရအောင်လေ....


    San Zuren 🌸

    ReplyDelete
  25. ပျော်ရွှင်မှု အစစ်အမှန်

    ပျော်ရွှင်မူဟာ လူတိုင်းနဲ့ ထိုက်တန်ပါတယ်
    ချစ်ခြင်းတရား ကိုယ်ခြင်းစာတရားနဲဆို ပိုပြည့်စုံတာပေါ့

    ချစ်ခြင်းတရားဆိုတာ ဖိနှိပ်ခံရသူတွေကို ပိုချစ်ပေးဖို့ ရပ်တည်ပေးဖို့အတွက်ပါ
    ကိုယ်ခြင်းစာတရားဆိုတာ မျှဝေခံစားခြင်းပါ
    လိုအပ်နေသူတွေအတွက် ပိုလျှံနေသူတွေက ဝေမျှပေးတာမျိုး အတူတူခံစားပေးတာတွေမျိုးပေါ့

    ဒီထက်ပိုပြီး ကိုယ်ခြင်းစာတတ်မယ်ဆိုရင် မတရားဖိနှိပ်ခံရမူတွေကနေ ခံစားနေရတဲ့ လူပေါင်းသိန်းသန်းချီမက အဆင်မပြေဘူးဆိုတာ
    ခံစားမိတယ်ဆိုရင် မိမိတို့ပျော်ရွှင်မူကြောင့် အဆင်မပြေသူတွေမှာ အားကျသွားမလား
    အားငယ်သွားမလားဆိုတဲ့ အားနာတတ်တဲ့ ကိုယ်ခြင်းစာတရားလေးတွေ ရှိစေချင်သားလေ

    ပျော်ပါ, ပျော်ရွှင်မူဟာ လူတိုင်းနဲ့ ထိုက်တန်ပါတယ်
    လူတိုင်း ပျော်ရွှင်နိုင်ဖို့အတွက် လူတချို့မှာတော့ ဘဝတွေ အနာဂတ်တွေ ရင်းပြီး တိုက်နေကြပါတယ်

    လူမသိသူမသိပျော်ပါ
    လူမသိသူမသိ ပိုထောက်ပံ့ပေးပါ

    ၂၀၂၂ မှာ လူတိုင်း ပျော်ရွှင်နိုင်မယ့် တော်လှန်ရေးကြီး အောင်မြင်ပါစေ


    San Zuren 🌸

    ReplyDelete
  26. "ပြိုလဲနေတဲ့ တိုင်းပြည်"


    မနက်ခင်းတိုင်း
    မနက်ခင်းတိုင်းကို
    သေစာရင်းတွေနဲ့
    မျက်နှာသစ်နေရတဲ့
    "တိုင်းပြည်"...

    ‌ဆုတ်ဖြဲခံရတဲ့
    အမှန်တရားတွေအတွက်
    မမျော်လင့်ပဲ
    အနိုင်ကျင့်ခံလိုက်ရတဲ့
    တရားစောင့်နတ်သမီးကလည်း
    "ငိုကြီးနဲ့ချက်မ"

    ဒီနိုင်ငံမှာ...
    လူဖြစ်ရတာ
    ကုသိုလ်ကံတွေ
    ကောင်းလှချည်ရဲ့တဲ့
    ဗုဒ္ဓ နဲ့ ငါ
    အဲ့မှာကို လွဲခဲ့တယ်...။

    မတက်နိုင်ဘူး....
    ရှိရှိသမျှ ဘုရား
    အကုန်ကယ်ပါ...
    "အတ္တာဟိ အတ္တာနော
    နာထော" ရတာလည်း
    မောလှပြီ....။

    ကမ္ဘာမကြေ တဲ့
    တောက် ခေါက်ရပေါင်းလည်း
    အလီလီ.....
    ဟော..ဒီက
    ဟော.…ဒီက
    "ပြိုလဲနေတဲ့ တိုင်းပြည်"


    /ငရာ/

    ReplyDelete
  27. "အမှန်တရားဘက်မှာ ငါတို့ ရပ်တည်မယ်"


    ကိုယ် ယုံကြည်တဲ့ဘက်က ရပ်တည်မယ်
    အမှန်တရားဘက်မှာ ငါတို့ ရပ်တည်မယ်

    အမှန်တရားကို ဘာနဲ့တိုင်းတာမလဲ ...?

    အများအတွက်
    အကျိုးရှိခြင်း / မရှိုခြင်းနဲ့ တိုင်းတာမယ်

    ကမ္ဘာကြီးတစ်ခုလုံး သက်သေရှိပါတယ်
    ငါတို့ဟာ အထိအခိုက်အကျအရှုံးများပေမယ့် ဓမ္မဘက်က ရပ်တည်ခဲ့သူတွေ ဖြစ်တယ်...



    San Zuren ��

    ReplyDelete
  28. "ပိုကြိုးစားကြမယ်"

    ကိုယ်တွေရွေးချယ်ထားတဲ့ လမ်းဟာ
    သူ့ဘက်ကထိခိုက်တာတွေပဲ ရှိတာမဟုတ်သလို
    ကိုယ့်ဘက်ကလည်း ထိခိုက်ဆုံးရှုံးရတာတွေ
    ရှိတယ်ဆိုတာ သိသိရက်နဲ့ရွေးခဲ့ကြတာပဲ

    ဒီလမ်းဒီခရီး ရွေးပီးကတည်းကတစ်ခုခုထိခိုက်ဆုံးရှုံးရတိုင်း
    ငါတို့ပိုစည်းလုံးကြရမယ်
    ငါတို့ပိုညီညွတ်ကြရမယ်
    ငါတို့ပိုကြိုးစားရမယ်ဆိုတဲ့
    ခံယူချက်ကို စွဲစွဲမြဲမြဲထည့်ထားပါ

    နာကျင်ခြင်းတွေကို အဖော်ပြုပြီး
    ဒရမာခင်းစရာ ဘာအကြောင်းမှမရှိဘူး
    ငါတို့အရာအားလုံးကိုတောင် စတေးခဲ့ရပီးပီပဲ
    ဘာထပ်ဆုံးရှုံးရအုံးမှာလဲ

    သေခြင်းဟာ အဆုံးသတ်မဟုတ်ဘူး

    သူတို့အသက်ပေးခဲ့မှုနဲ့ ထိုက်တန်တဲ့
    ခေတ်သစ်စနစ်သစ် နိုင်ငံတော်သစ်
    မွေးဖွားလာဖို့ ကျန်ရစ်ခဲ့သူတွေ
    ငိုကြွေးတာကို ရပ်တန့်ပြီး
    လုပ်ရမယ့်အလုပ်ကို နှစ်ဆကြိုးစားလုပ်ပြီး
    ဒီထက်ပို ညီညွတ်ကြရအောင်

    San Zuren

    ReplyDelete
  29. "ဒိုင်ယာယီ"

    လွတ်လပ်ခြင်းဟာ ချစ်ခြင်းတရားလိုပဲ သိပ်အဖိုးတန်တယ်ဆိုတာ သိခဲ့ရတယ်

    ယုံကြည်ချက်ဟာ ရှင်သန်မူထက် လေးနက်တယ်ဆိုတာ ကြုံခဲ့ရတယ်

    လူငယ်တွေဟာ ထင်တာထက် ပိုသန်မာတယ်ဆိုတာ မြင်ခဲ့ရတယ်

    ရှင်သန်မူရဲ့တန်ဖိုးဟာ ရေပွက်ပမာ ခဏတာပဲဆိုတာ သိခဲ့ရတယ်

    အောင်မြင်မှု ကျော်ကြားမှုတွေဟာလဲ ဘာမှမဟုတ်ခဲ့ဆိုတာ သိလာရတယ်

    ကိုယ်ခြင်းစာတရားနဲ့ ချစ်ခြင်းတရားကို ယုံနိုင်ဖို့လဲ ကြုံခဲ့ရပါတယ်


    San Zuren

    ReplyDelete
  30. BETTER LIFE

    ပြည်စုံသည်ဖြစ်စေ
    မပြည့်စုံသည်ဖြစ်စေ
    ဘဝက မင်းကိုပေးတဲ့အရာကို
    အမြဲရှိနေလိမ့်မယ်လို့
    အတည်တကျ မမှတ်ယူပါနဲ့

    မင်းဘဝကို ရှိနေတာထက်
    ပိုကောင်းအောင် ကိုယ်တိုင် တစ်ခုခုကို
    ဖန်တီးတည်ဆောက်လို့ ရပါတယ်

    Don’t settle for what life gives you; make life better and build something.


    San Zuren

    ReplyDelete
  31. "We Are Visitors"


    ငါတို့အားလုံးဟာ
    ကမ္ဘာမြေပေါ်ကို ခေတ္တခဏရောက်လာကြတဲ့ ဧည့်သည်များသာ ဖြစ်ကြတယ်

    ငါတို့ နေထိုင်ရမဲ့ ဒီလူ့ဘဝသက်တမ်းကာလကလဲ
    အနှစ်တစ်ရာဆို အလွန်ဆုံးပါပဲ‌‌လေ

    ခဏတာရောက်လာတဲ့ လူ့ဘဝသက်တမ်းတိုတို‌လေး မှာ
    ငါတို့အားလုံး ငါတို့ဘဝအတွက် ကောင်းတာလုပ်ကြမယ်

    ကိုယ်ရှင်သန်‌နေတဲ့ သက်တမ်းကာလမှာ ကောင်းတဲ့အရာ အသုံးဝင်စေတဲ့ အရာတစ်ခုခုကို ကြိုးစားလုပ်ဆောင် နေထိုင်ကြရအောင်


    We are visitors on this planet. We are here for one hundred years at the very most.
    During that period we must try to do something good, something useful, with our lives.





    San Zuren

    ReplyDelete
  32. "ကယ်တင်ရှင် မမျှော်နဲ့"


    မေခလာ လာကယ်မယ် ပြောလို့
    ဇနက္က က ရေဆင်းကူးခဲ့တာ
    မဟုတ်ပါဘူးလေ...
    ဇနက္ကရဲ့ လုံလဝီရိယအားထုတ်မှုကြောင့် မေခလာ လာရတာပါ...

    ကယ်တင်ရှင်တွေ မျှော်မနေနဲ့
    ငါတို့လက်နဲ့ နိုင်အောင်တိုက်မယ်
    ငါတို့ဘက်မှာ အမှန်တရား ရှိတယ်

    နိုင်ငံတကာလဲ ဆက် မမျှော်နဲ့
    ငါတို့တိုက်ပွဲ ဆက်နွဲဲကြမယ်
    နိုင်တဲ့ဘက်ကို ကမ္ဘာကြီးက ရပ်ပါလိမ့်မယ်




    San Zuren

    ReplyDelete
  33. Morningပါ Clickerတို့ရေ"
    ကျုပ်တို့လည်း ..
    အဲ့ဒီစိတ်တွေနဲ့ နိုးထ
    တိုးကြွလာတဲ့
    တော်လှန်ရေးမှာ
    ထောက်ပို့အားတွေနဲ့
    အမြဲမပြတ် ....
    ဆက်..ဆက် ပြိးတော့
    တိုက်ပွဲဝင်....
    နာမည်တွေ မလိုဘူး...
    နေရာတွေ မယူဘူး...
    သဲမှုန့်လေးတွေ
    စုပေါင်းမိရင် ...
    သောင်ခုံကြီးတောင်
    ဖြစ်သေးတာပဲ..
    မိစ္ဆာလှေတွေ
    ငါတို့ ကမ်းကို ဆိုက်ရင်
    စိစိညက်ညက်
    ကြေရမယ် ....
    Click တစ်ချက်
    တိုင်းပြည်အတွက်
    Click စုပေါင်း
    အားသစ်လောင်း..
    "နိုင်ငံသစ်" ကို သွားကြမယ်
    သွားမယ် .. သွားမယ်

    /ငရာ/

    ReplyDelete
  34. CLICKERS တို့၏ စုပေါင်းအား


    တစ်ယောက်အားနှင့် ယူသော်မရ
    တစ်သောင်းအားနှင့် ယူသော်ရ၏

    ထင်းတစ်ချောင်းကို ချိုးဖို့ လွယ်ကူသော်လည်း
    ထင်းစည်းကိုမူ မချိုးနိုင်

    စည်းလုံးခြင်းသည် အင်အား
    အမှန်တရားသည် ၀ရဇိန်လှံသွား

    CLICKERS တို့၏ ကလစ်အားသည်
    ပြည့်ထောက်ပံ့အား

    မိုးရေမိုးစက်များ များပြားစုစည်းသည့်အခါ ပင်လယ်သမုဒ္ဒရာကြီးပင် ဖြစ်လာတော့သည်

    ငါ့ကြိုးစားကလစ်ချက် မြန်မာပြည်သူတွေအတွက်

    ငါတို့ကြိုးစားကလစ်ချက် တိုင်းပြည်အတွက်


    San Zuren

    ReplyDelete
  35. END GAME
    ~~~~

    ဒီပွဲဟာ
    ဓမ္မနဲ့ အဓမ္မရဲ့ပွဲ
    စစ်အာဏာရူးတွေနဲ့
    ပြည်သူတွေရဲ့ပွဲ

    သေနတ်ပြောင်းကို
    တဖက်တည်းပဲ
    လှည့်ကြမယ်

    စစ်အာဏာရူးတွေ
    မျိုးပြုတ်စေရမယ်

    This Is The End Game!


    San Zuren

    ReplyDelete
  36. အမှောင်ယံတွေလွန်မှ
    ရောင်နီ ကို ရောက်တယ်
    အလင်းရောင်တွေ
    မလာခင် ...
    အမှောင်ယံ တွေကြား
    ငါတို့ လက်တွေ
    ဆွဲထားမယ် ..
    လမ်းပျောက်နေရင်
    ဖေးကူ လက်တွဲကူလို့
    လျှောက်ကြမယ်..
    ဇာတ်လမ်းလေးတွေ
    တစ်ပုဒ်စီ...
    တိုးတိုးဆိုလို့
    ရွတ်ကြမယ်....
    ကျေနပ်စရာပါပဲ
    လျှောက်မိတဲ့
    ခြေသံ အနိမ့်အမြင့်
    တိုင်းမှာ...
    တော်လှန်ရေးစိတ်တွေ
    အမြဲတမ်း ကို
    ထပ်တူ ကျနေလို့


    /ငရာ/

    ReplyDelete
  37. "ကလစ်တချက် တိုင်းပြည်အတွက်"

    ဒို့ မြန်မာပြည် ပြည်သူ့အရေးပေမို့
    သွေးအေးမနေ မျိုးချစ်စိတ်တွေ
    ဖန်ဖန်ဝေ၍ ကလစ်ချက်တွေ
    ရာထောင်သိန်းသန်း နှိပ်ဖမ်းကာ
    ကြိုးစားကြလျှင်ဖြင့် တိုင်းပြည်တခွင်
    တိုက်ပွဲဝင် ပီဒီအက်ဖ်တွေ အတွက် အသက်ဆက် ရိက္ခာ လက်နက်စကြာမဟာ
    မကွာပြည့်စုံမှာ ဖြစ်သောကြောင့်
    မနှေးဆောလျင်စွာ ကြိုးစားကလစ်ကြပါစို့...


    San Zuren

    ReplyDelete
  38. "For Happy Life"


    ဘဝမှာပျော်ရွှင်ဖို့က ကိုယ်လုပ်သမျှ အရာတိုင်း ရည်မှန်းချက်ထားတတ်ဖို့လိုအပ်ပါတယ်

    ဘဝက တိုတိုလေးပါ
    မကောင်းတဲ့ အတွေးမြင်တွေ ဖြတ်ထုတ်ပါ
    အတင်းဖျင်းတွေမေ့လိုက်ပါ
    ကိုယ့်ကိုမလိုသူတွေကို နှုတ်ဆက်ပါ
    ကိုယ့်နားအမြဲရှိသူတွေနဲ့ပဲ အချိန်ကုန်ဆုံးလိုက်ပါ


    Life is short.
    Cut out negativity, forget gossip, say goodbye to people who don't care. Spend time with people who are always there.



    San Zuren

    ReplyDelete
  39. This comment has been removed by the author.

    ReplyDelete
  40. This comment has been removed by the author.

    ReplyDelete
  41. လိပ်ပြာလုံတယ်


    ကျမရဲ့
    ရှင်သန်ခြင်း
    မနက်ဖြန်တိုင်းမှာ
    လောက အတွက်
    အကျိုးပြုမှု တစ်ခု
    ရှိနေမယ် ဆိုရင်
    တန်ဖိုး မမဲ့ခဲ့ပါဘူး

    ကိုယ်စွမ်းရှိသမျှ
    ကြိုးစားခဲ့တာတွေ
    အရာထင်ချင်တယ်

    ခရီးဆုံးထိ
    နောက်မလှည့်ပဲ
    လျှောက်မယ်

    သမိုင်းလှဖို့
    ကြိုးစားတဲ့နေရာမှာ
    ကိုယ့်ဖြစ်တည်မှုတိုင်းအတွက်
    အသက် ရှင်သန်နေသမျှ
    အသက်ရှုသံတိုင်းမှာ
    လိပ်ပြာလုံတယ်


    San Zuren

    ReplyDelete
  42. This comment has been removed by the author.

    ReplyDelete
  43. "ဖက်ဒရယ်အိမ်မက်"

    လူမျိုးစွဲမတိုက်ဘူး
    ဒေသစွဲမတိုက်ဘူး
    ငါတို့တိုက်တာ စနစ်တစ်ခု

    တောင်တန်းမခွဲဘူး
    မြေပြန့်မကွဲဘူး
    ငါတို့တိုက်တာ စနစ်တစ်ခု

    မြစ်ဧရာအစ
    ချင်းတွင်းအဆုံး
    သံလွင်မြစ်စီးသံ တအုံးအုံးနဲ့

    အနောက်ဘက် ချင်း
    အရှေ့ဘက် တိုင်းရင်းအစုံ
    မြောက်ဘက်ကုန်းမှာ ကချင်တွေ ဆော်လို့

    တောင်ဘက် ကရင်
    ရှေ့တောင် ကရင်နီ
    ဒီခေတ်ဆိုးကြီးကို လွန်ချင်နေကြ

    ဖက်ဒရယ်အိပ်မက်
    ပြည်ပျက်ကြီးကိုပြင်
    အာဏာရှင်နေဝင်ချိန်နီးနေပြီ


    San Zuren 🌸

    ReplyDelete
  44. "နာကျင်‌ ပြည်သူ"

    အစိုးရရယ် သံဃာရယ်
    ပြည်သူရယ် စစ်တပ်ရယ်

    အိပ်ငိုက်နေတဲ့ဒီမိုကရေစီဟာ
    ငိုက်မရှက် မှောက်လျက်လဲတယ်

    မျက်လှည့်တစ်ခုလိုစကေးမျိုးနဲ့
    အလောင်းတွေဟာ ပုံထပ်နေခဲ့

    နွံထဲကမထွက်နိုင်ခဲ့တာက
    လည်ပင်းဓားထောက်ခံထားရတဲ့
    သန်းပေါင်းခြောက်ဆယ် . . .


    San Zuren 🌸

    ReplyDelete
  45. "တို့တတွေ"

    တစ်ခေတ်တည်း
    တစ်လှေတည်း
    ဒုက္ခဟာ လက်ရည်တပြင်တည်း

    အခက်အခဲတွေကြား
    ရှေးကထက် ပို ချစ်ကြမယ်လေ
    ( တို့တတွေ )


    San Zuren 🌸

    ReplyDelete
  46. ဆောင်းဒဏ်သင့် "ရဲဘော်"

    အအေးဒဏ်ဆိုး
    ငါ့ရင်တိုး၍
    အရိုးဆွေးချင် ဆွေးပါစေ

    တော၊ တောင်၊ ချောက်ကြား
    အန္တရယ်များ၍
    သွေးသားနာချင် နာပါစေ

    ဆူး ၊ မြောင်၊ ချိုင့်ဝှမ်း
    ခရီးကြမ်း၍ လှမ်းရခက်ခဲ
    ခြေဖဝါး သွေးမြေ ကျပါစေ

    အစားအသောက်
    ရိက္ခာခြောက်တို့
    မလောက်သော် ငြား
    ဗိုက်မှောက်နေချင် နေပါစေ

    ချွေးတစ်ကိုယ်ဖုံး
    မြေဖုန်လုံးနှင့်
    ပင်ပန်းနုန်းချိ နေပါစေ

    သို့သော်ငြားလည်း

    ငါ့အသက် ကား
    ပြည်သူများ၏
    ထောက်တိုင် တစ်တိုင်
    ဖြစ်စေသတည်း....။


    San Zuren 🌸

    ReplyDelete
  47. This comment has been removed by the author.

    ReplyDelete
  48. ခိုင်းစား သုံးစားမရပဲ လူတွေကိုဒုက္ခပေးနေတဲ့နွားကြီးကို နွားသတ်ကုန်းသို့ တွန်းပို့ကြမယ်။

    ReplyDelete
  49. ကိုယ်ကျန်းမာကြပါစေ၊ စိတ်ချမ်းသာနိုင်ကြပါစေ၊ဘေးအန္တရယ်ကင်းဝေးကြပါစေ။

    ReplyDelete
  50. နေ့တိုင်းဝင်ဖြစ်အောင်ကြိုးစားနေပါတယ်။ ဝင်လည်းဝင်ဖြစ်ပါတယ်။ တတ်နိုင်သမျှနေရာစုံဝင်ပေးနေပါတယ်။

    ReplyDelete
  51. အကြမ်းဖက်အုပ်စုဘက်က PCF တွေကိုသိပ်ကြောက်နေပြီ၊ ငါတို့ကတော့ ကလစ်လက်နက်နဲ့ အိမ်ထဲ ရုံးထဲ ကနေများများတိုက်ကြမယ်။ ဖိုက်တင်း။

    ReplyDelete

Post a Comment

Popular posts from this blog