We are visitors on this planet. We are here for one hundred years at the very most. During that period we must try to do something good, something useful, with our lives.
Hi နေကောင်းလား ? ထမင်း စားပြီးပြီလား? If you feel you're sinking, I will jump right over into cold, cold water for you. And although time may take us into different places, I will still be patient with you. And I hope you know I won't let go.
မှန်ပါတယ်
ReplyDeleteဒီကာလဆိုးကြီး မြန်မြန်ပြီးဖို့ များများကူကြရမယ်၊ ကလစ်တာအပြင် မြေပြင်မှာလဲ နိုင်ရာကူကြ၊ လှူကြရမှာပါ မဟုတ်ရင် ကြာနေဦးမှာပဲ.....
|||
Deleteစိတ်ချများကြီးထောက်ကူနေမှာ
DeleteLet's grab a drink. Cheers!
ReplyDeleteအားတင်းထားပါတယ်
ReplyDeleteဟုတ်ကဲ့
ReplyDeletefighting
ReplyDeleteFighting for democracy。
ReplyDeleteအရင်က တိုင်းရင်းသားလက်နက်ကိုင်တွေကိုလူဆိုး သပုန်လို့မြင်ခဲ့တယ်...အခုတော့အမှားဆိုတာသိခဲ့ရပြီ အဲ့လိုမြင်ခဲ့မိလို့လည်းတောင်းပန်ချင်တယ် ပြီးတော့ မှတ်ပုံတင်က ဗမာလို့ရေးထားတာကြီးကိုမြင်ရင်ရှက်တယ်...ငလမ မအလ မြန်မြန် tae ပါစေ...
ReplyDeleteတစ်ဦးဆောင်သော်မရ
ReplyDeleteတစ်သောင်းဆောင်သော်ရ၏။
အားတင်းထားကြပါ
ReplyDeleteနောက်တန်းကနေဝုန်းပေးနေပါတယ်
အပီးဝုန်းဗျာ clickပေးနေပါတယ်
ReplyDeletePDF သူရဲကောင်းသို့
ReplyDeleteအားမလျော့နှင် သူရဲကောင်းတို့
အမှောင်ကြီးစိုး လမ်းကြောင်းလွဲလည်း
ဝင်းပထွန်းတောက် နေ့သစ်ရောက်ဖို့
တည်ဆောက်ကြရအောင်
အားမလျော့နှင် သူရဲကောင်းတို့
အဓမ္မတရား ကြီးစိုးနေလည်း
ဓမ္မတရား အနိုင်ရမြဲ
ဆွဲ၍ တည့်မတ်ကြရအောင်
အားမလျော့နှင့် သူရဲကောင်းတို့
ခက်ခဲကြမ်းတမ်း တို့ပင်ပန်းလည်း
အနာဂတ်လမ်း ဖြောင့်မတ်တန်းဖို့
လျှောက်လမ်းစီရီ အားသစ်ချီ၍
ဒီမိုကရေစီ ပြည်သစ်ဆီသို့
လျှောက်လမ်းကြပါစို့
San Zuren 🌸
ဇွဲမလျော့နဲ့
ReplyDeleteအောင်မြင်မှုဆိုတာ ကြိုးစား
အားထုတ်မှု မပါပဲ မရဘူး
ယုံကြည်ရာ တစိုက်မတ်မတ်
လုပ်ပေးပါ
အောင်မြင်မှုတိုင်းက မမြင်ရတဲ့
ကြိုးစားအားထုတ်မှုတွေက
လာပါတယ်
အမှန်တကယ်အောင်မြင်ဖို့
ကြိုးစားနေချိန်မှာ
မိမိကိုယ်ကို ယုံကြည်ဖို့ပဲလိုတာပါ
ဇွဲမလျော့နဲ့ ဆက်လျှောက်ပါ
အောင်မြင်လာတဲ့နေ့
သင် ပျော်ရွှင်ရပါလိမ့်မယ်
San Zuren 🌸
ပြည်သူမှာ ပြည်သူပဲရှိတယ်
ReplyDeleteဝါဒ ကို စွဲနေသ၍
ဝါဒစွဲ တော်လှန်ရေးဖြစ်နေမယ်...
ငါတို့ ဝါဒ မစွဲမိစေဖို့
ငါတို့ လွတ်မြောက်ခြင်းအတွက်
ငါတို့ အတူတူ ရုန်းကြရမယ်...
မင်းက ဘယ်က
ငါက ဘယ်က မလိုဘူး...
ပြည်သူမှာ ပြည်သူပဲ ရှိတာလေ...
San Zuren 🌸
"မနက်ဖြန်"
ReplyDeleteမိုးခိုနေတဲ့ တိမ်တွေ
အနားရောက်လာတဲ့ ကျည်ဆံတွေ
အဝေးရောက်နေဆဲ ကိုယ်ချင်းစာတရားတွေ
ပြန်စရာအိမ်လည်း မရှိတော့ဘူး
ငါပိုင်တာလည်း မရှိတော့ဘူး
နောက်ထပ်ဆုံးရှုံးစရာ ဘာရှိသေးလို့လဲ
သူရဲကောင်းဆိုတာ
အမှန်တရားက လွဲရင်
အားလုံးကို စွန့်လွှတ်ရဲသူဖြစ်တယ်
အလင်းရဲ့တန်ဖိုးဟာ
အမှောင်ထဲမှာ ပိုတောက်ပလေ့ရှိတယ်
မနက်ဖြန်ဆိုတဲ့ စိတ်နဲ့
အိမ်လွမ်းစိတ်ကို
ညစဉ် ငါတို့ မီးဖိုခဲ့ကြတယ်
San Zuren 🌸
ခေတ်ကိုရေးမယ့် သူရဲကောင်းများ
ReplyDeleteသေသူ သေခဲ့ပြီ
ရှင်ကျန်ရစ်သူကတော့
လောကငရဲပါပဲ
ပုံမှန်ဘဝ
ပုံမှန်အပျော်
ပုံမှန်ရက်စွဲတွေ
ရှင်လျက်နဲ့ ဘဝခြားနေသလို
ကိုယ်နဲ့ သက်ဆိုင်မှု မရှိတဲ့
အတိတ်တွေလို
နေရာသစ်ဟာ အလွမ်းတွေကို
ထွေးပွေ့ဆီးကြို ထားလေရဲ့
တော်လှန်ရေးဟာ
သွေးဆိုရင်
ချစ်ခြင်းမေတ္တာက
အသက်ပါပဲ
တဆစ်ဆစ်နာကျင်လည်း
တင်းတင်းကြပ်ကြပ်
ဖက်တွယ်ထားနေတုန်းပဲ
ငါတို့ဟာ
ခေတ်ကိုရေးမယ့် သူရဲကောင်းများ
San Zuren 🌸
"စုပေါင်းအား"
ReplyDeleteရေရှိရင် ငါး ရှိတယ်
ရေမရှိ ငါး သေမယ်
ရေ နဲ့ ငါး ခွဲမရအောင်
တစ်သားတည်း ရှိနေမယ့်
ပြည်သူ ဟာ ရေ ပဲ
ဓါးနဲ့ ခုတ်လို့ မပြတ်သလို
အရှိန်အဟုန်နဲ့စီးဆင်းတယ်
စမ်းချောင်း လေး စီးသလိုလည်း
နူးညံစွာ သိမ်မွေ့တက်ကြတယ်
ရေ အသက် တစ်မနက်တဲ့
ပြည်သူမထောက်ခံတဲ့
အာဏာရှင် အစိုးရ
ငါတို့ လက်ထက်မှာ
ဘယ်တော့မှ သက်ဆိုးမရှည်စေရ
ရေ နဲ့ ငါး ပြည်သူ့မဟာဗျုဟာမှာ
စစ်မိစ္ဆာ အမျိုးယုတ် ကို
ကြိုးတုပ်ပြီး ကားစင်တင်
ကြားချင်နေရင် ဝိုင်းတွန်းကြ
/ငရာ/
ဖြတ်လမ်းမရှိ
ReplyDeleteမိစ္ဆာ တွေ အတွက်
ငါတို့ တွေကလည်း
နောက်တွန့်လို့ ရွံနေစရာ
တစ်ကွက် မှ ကို မရှိ
လက်နက်တွေ မကိုင်ပဲ
ငြိမ်းငြိမ်းချမ်းချမ်းနဲ့
ဆန္ဒတွေ ထုတ်ဖေါ်ပြခဲ့သေးတယ်လေ
နွေဦးမှာ သွေးအလူးလူးနဲ့
လျှာတွေ အသားမာ တက်အောင်
တောက် ခေါက်နေခဲ့ရသမျှ
ခုတော့လေ ငါ နားလည်ပြီ
တော်လှန်ရေးဆိုတာ
သမိုင်းအဆက်ဆက်မှာ
အသက် ကို စနက်တံ ဖြုတ်ပြီးမှ
စိတ်ဓါတ်တွေ နဲ့ ချီတက်ခဲ့တာပဲ
ဒီလိုပါပဲ..
ကြားခဲ့ဖူးတဲ့ စကားပုံ တစ်ခုလိုပေါ့
ကယ်တင်မယ့်သူတွေကလည်း
ပါရမီတွေ ဖြည့်ကျင့်ရသလို
ကယ်တင်ခံရမယ့်သူတွေကလည်း
တရားထူးကို သိနားလည်ရတယ်
အဲ့ဒါတွေ...အဲ့ဒိလိုတွေကြောင့်
ဒီမိုကရေစီ သောင်ကမ်းဆိုက်ဖို့
ဖြတ်လမ်းဆိုတာ ဘယ်တော့မှမရှိ
/ငရာ/
This comment has been removed by the author.
ReplyDeleteစီရင်ပွဲ
ReplyDelete~~~~
မတရားမှုတဲ့
အစွယ်တွေပြူး
သွေးလူးပြတိုင်းသာ
ကြောက်နေရရင်
မိစ္ဆာတွေကိုပဲ
ဘုရားသခင်တွေလို
ကိုးကွယ်နေကြမှာပေါ့
မတရားတာကို
မမျှတတဲ့အကြောင်းတွေ ပြောမယ်
မမှန်တာတွေကို
မှားနေတဲ့အကြောင်းတွေ ပြောမယ်
ဥတွေလည်း ကွဲ
အသိုက်တွေလည်း ပျက်
ယုတ်မာမှုတွေ ကို
တရားစီရင်နိုင်ဖို့
ငါတို့....အသက်တွေနဲ့
လောင်းကြေးကို ထပ်မယ်
နိုင်တဲ့မြင်းကိုမှ
ရွေးလောင်းတက်တဲ့ ကမ္ဘာကြီးမှာ
အင်အားကြီးတဲ့သူတွေ
ရေးတိုင်း သမိုင်း ဆိုတာ မဖြစ်ပါဘူး
အမြဲတမ်း နောက်ကျတက်တဲ့
အမှန်တရားကို
ဒီတစ်ခါ ခပ်စောစောရောက်စေချင်လို့
မဆိုင်သလို နေတက်တဲ့
သူငယ်ချင်းရေ...
လာပါ....
မိစ္ဆာတွေ အစွယ်ချိုးမယ့်ပွဲမှာ
ငါတို့အတူတူ တရားတွေ စီရင်ကြမယ်
/ငရာ/
တို့တိုင်းပြည်
ReplyDeleteကချင်နှင့်ကရင်က
အားအကိုးရဆုံး
ကယားနှင့်ချင်းက
အလေးစားရဆုံး
မွန် ရခိုင် ရှမ်း ကတော့
မပြတ်မသားနဲ့
အားမရဆုံး
ဗမာကျတော့လည်း
ပြောက်ကြားတွေရှိတဲ့
မြို့ကို အကြိုက်ဆုံး
အချို့မြို့တွေက
ကျွန်စိတ် မပျောက်သေး
စစ်ကိုင်း မကွေးက
ချစ်စရာ အကောင်းဆုံး
San Zuren 🌸
"AT THE END"
ReplyDeleteလွတ်လပ်ခြင်းဟာ ချစ်ခြင်းတရားလိုပဲ
သိပ်အဖိုးတန်တော့လဲ ခက်ခက်ခဲခဲ
ကြိုးစားခဲ့ရတာ ငါတို့တွေ ပြောကြမယ်
ဒီမိုကရေစီဆိုတာ လွယ်လွယ်ရခဲ့တာမဟုတ် အသက်သွးချွေးများစွာ ပေးဆပ်ခဲ့ပြီးမှ ဖြစ်လာတယ်ဆိုတာ ငါတို့တွေ ပြောကြမယ်
စစ်ကို မလိုလားပေမယ့် ငြိမ်းချမ်းရေးအတွက် တိုင်းပြည်သစ်အတွက် တိုက်ပွဲတွေ ဖြစ်လာရတယ်ဆိုတာ ငါတို့တွေ ပြောကြမယ်
ဓမ္မနဲ့ အဓမ္မဟာ အင်အားသာဖြစ်ပြီး
ကိုယ်ခြင်းစာတရားမရှိရင် ဘယ်တရားကိုမှ မယုံကြည်ကြဖို့ ငါတို့တွေ ပြောကြမယ်
အင်အားဟာ သေနတ်ပြောင်းဝက ထွက်ပေမယ့် လူထုက အုပ်ချုပ် မခံလိုဘူးဆိုရင် အခိုင်မာဆုံး စစ်တပ်ရှိလဲ အုပ်ချုပ်လို့မရဘူးဆိုတာ ငါတို့တွေ ပြောကြမယ်
ငါတို့တွေ ဆက်ရပ်တည်ဖို့ အားအင်တွေ
ကုန်ခမ်းလာတဲ့အခါတောင်မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ အဆုံးထိသွားခဲ့တာ ငါတို့တွေ ပြောကြမယ်
သေသူဟာ လွတ်မြှောက်သွားပြီး ရှင်သူက နောက်မျိုးဆက်အတွက် တိုက်ပွဲဝင်ခဲ့တာ
ပေါ့ပေါ့ပါးပါး ရီရီမောမောနဲ့ ငါတို့တွေ ပြောကြမယ်
San Zuren 🌸
ပျော်ရွှင်မှု
ReplyDeleteပျော်ရွှင်မှုဆိုတာ အဆင်သင့်လုပ်ထားပြီးသား အရာ မဟုတ်ပါဘူး
ပျော်ရွှင်မှုဟာ ကိုယ့်ရဲ့ အပြုအမူတွေက ပေါက်ဖွားလာတာ ဖြစ်ပါတယ်
အခုလို အဘက်ဘက်က ဆုတ်ယုတ်နေချိန်မှာ တစ်ဦးနှင့် တစ်ဦး ဖေးမခြင်း နွေးထွေးခြင်းဖြင့် မပျော်ပေမဲ့လဲ ပျော်အောင် နေပေးကြပါ
San Zuren 🌸
အလုပ်တစ်ခုရပီ
ReplyDeleteငါ အလုပ်တစ်ခုရပီ
ငါ့အလုပ်က လစာမရှိ
ပင်စင်မရှိ
ပိတ်ရက်မရှိ
Public Holiday မှာတောင် မနားရ
ပွဲတော်ရက်တွေမှာလဲ မနားရ
အိပ်ချိန် စားချိန်လဲ မမှန်
မိုးလင်း မိုးချုပ် တကုပ်ကုပ်
ဒါပေမဲ့ အဲဒီအလုပ်ကို
လုပ်နေရတာ ငါ ပျော်တယ်
အဲဒါကတော့
သူ့ကို " ကလစ် " နေရတဲ့ အလုပ်ပေါ့
Hey, everybody click, everybody click
" CLICK 2 DONATE "
San Zuren 🌸
Delete"ဝင်သက် ထွက်သက်"
ReplyDeleteဆောင်းဟာ
မိုးမသိအောင်
တိတ်တိတ်လေး
ခိုးဝင်လာတယ်
ရွက်ကြိုးပြတ်သွားတဲ့
လှေငယ်လို
ဘယ်ကမ်းထိ
ငါ...မျောနေရဦးမလဲ
အသက်ရှုသွင်း
ရှူထုတ်လိုက်တိုင်း
ထိ သိ လိုက်တာက
တော်လှန်ရေးနဲ့ ချစ်ခြင်းမေတ္တာ
နောက်ဆုံး
ငါ့ ...ထွက်သက်ထိပါပဲလေ
San Zuren 🌸
အသွားနှစ်ဖက်နဲ့ ဓါး
ReplyDeleteအသွားနှစ်ဖက်နဲ့ ဓါးလို
ဒီနေ့ ဒုက္ခတွေဟာ
နှစ်ဖက်စလုံးကို ထိတယ်
ပိုအားစိုက်တဲ့ ဖက်က
ပိုပြီး နာကျင်ရတယ်
ဒါပေမယ့် အပြုံးမပျက်
ရှေ့ဆက်တိုးနေကြတယ်
တချို့က နာမည်မကြီးဘူး
ဒါပေမယ့် ပုဒ်မကြီးတယ်
သူ့အကြောင်း ပြည်သူက မသိဘူး
ရန်သူကတော့ သိတယ်
ရောင်နီလာရင် တလေးတစား
ဂါရဝပြုရမယ့် သူတွေ
ခေတ်က မှတ်ကျောက်တင်ထားတဲ့
ပြည်သူ့သားကောင်းတွေကို
အစဉ်အမြဲ ဦးညွတ်လျက်...
San Zuren 🌸
ယုံကြည်မှု သစ်ပင်
ReplyDeleteယုံကြည်မှု သစ်ပင် ...
အောင်ရမယ်ဆိုတဲ့
စိတ်နဲ့ ရေဖျန်းပါ...
မလျှော့ဘူးဆိုတဲ့
စိတ်ကို မြေဩဇာ ကျွေးပါ
အသီးအပွင့်တွေတင်
မကပါဘူး...
အရိပ်တွေလည်း မိုးပေးဦးမှာ
ဟောဒီမှာ...ခင်ဗျားတို့
အရိပ်ပဲ နေနေ
အခက်ပဲ ချိုးချိုး
အောင်စိတ်နဲ့ စိုက်တဲ့အပင်
ရှင်ကို ရှင်ရမယ် ဗျာ
ဘယ်သူ့..ဘယ်သူ့မှ
ဇွဲ မလျှော့ကြေး...။
/ငရာ/
လက်တွဲ မဖြုတ်ကြေး
ReplyDeleteHold on...
ဓမ္မတရားတွေ ရဲ့
အလင်းရောင်....
အမှန်တရားတွေ အတွက်
လောက ရဲ့ သစ္စာ
ပြစ်ခွာတဲ့ မိစ္ဆာတွေ
ကျဆုံးစေဖို့...
ဒီမှာ...ဒီမှာ
ယုံကြည်မှု တွဲလက်တွေ
ဘယ်တော့မှ မဖြုတ်ကြေး
/ငရာ/
ကိုယ့်ကိုယ်ကို ယုံကြည်ပါ
ReplyDeleteအခက်အခဲတွေကြုံတိုင်း
ကိုယ့်ထက်ဆိုးတဲ့ အခြေအနေမှာ
ရင်ဆိုင်နေရတဲ့သူတွေကို ကြည့်ပီး
ငါကအများကြီး လုပ်နိုင်ရမယ်လို့
အားတင်းထားကြပါ
ကိုယ့်ကို ကိုယ်ယုံကြည်ပါ
ငါဖြတ်သန်းနိုင်မယ် ဆိုတာ✊🏻
San Zuren 🌸
ငြိမ်းချမ်းရေး
ReplyDeleteကချင်က ဝါးခုတ်
ကရင်က နှီးဖြာ
ကယားက တိုင်ထူ
ချင်းက ကြမ်းခင်း
မွန်က နှီးချည်
ဗမာက ထရံရက်
ရခိုင်က သက်ငယ်ပျစ်
ရှမ်းက ခြံစည်းရိုးကာလို့....
မိုးပြာပြာအောက်
ရိုးရာအိမ်ကလေး
ဆောက်ကြရအောင်လေ....
San Zuren 🌸
ပျော်ရွှင်မှု အစစ်အမှန်
ReplyDeleteပျော်ရွှင်မူဟာ လူတိုင်းနဲ့ ထိုက်တန်ပါတယ်
ချစ်ခြင်းတရား ကိုယ်ခြင်းစာတရားနဲဆို ပိုပြည့်စုံတာပေါ့
ချစ်ခြင်းတရားဆိုတာ ဖိနှိပ်ခံရသူတွေကို ပိုချစ်ပေးဖို့ ရပ်တည်ပေးဖို့အတွက်ပါ
ကိုယ်ခြင်းစာတရားဆိုတာ မျှဝေခံစားခြင်းပါ
လိုအပ်နေသူတွေအတွက် ပိုလျှံနေသူတွေက ဝေမျှပေးတာမျိုး အတူတူခံစားပေးတာတွေမျိုးပေါ့
ဒီထက်ပိုပြီး ကိုယ်ခြင်းစာတတ်မယ်ဆိုရင် မတရားဖိနှိပ်ခံရမူတွေကနေ ခံစားနေရတဲ့ လူပေါင်းသိန်းသန်းချီမက အဆင်မပြေဘူးဆိုတာ
ခံစားမိတယ်ဆိုရင် မိမိတို့ပျော်ရွှင်မူကြောင့် အဆင်မပြေသူတွေမှာ အားကျသွားမလား
အားငယ်သွားမလားဆိုတဲ့ အားနာတတ်တဲ့ ကိုယ်ခြင်းစာတရားလေးတွေ ရှိစေချင်သားလေ
ပျော်ပါ, ပျော်ရွှင်မူဟာ လူတိုင်းနဲ့ ထိုက်တန်ပါတယ်
လူတိုင်း ပျော်ရွှင်နိုင်ဖို့အတွက် လူတချို့မှာတော့ ဘဝတွေ အနာဂတ်တွေ ရင်းပြီး တိုက်နေကြပါတယ်
လူမသိသူမသိပျော်ပါ
လူမသိသူမသိ ပိုထောက်ပံ့ပေးပါ
၂၀၂၂ မှာ လူတိုင်း ပျော်ရွှင်နိုင်မယ့် တော်လှန်ရေးကြီး အောင်မြင်ပါစေ
San Zuren 🌸
"ပြိုလဲနေတဲ့ တိုင်းပြည်"
ReplyDeleteမနက်ခင်းတိုင်း
မနက်ခင်းတိုင်းကို
သေစာရင်းတွေနဲ့
မျက်နှာသစ်နေရတဲ့
"တိုင်းပြည်"...
ဆုတ်ဖြဲခံရတဲ့
အမှန်တရားတွေအတွက်
မမျော်လင့်ပဲ
အနိုင်ကျင့်ခံလိုက်ရတဲ့
တရားစောင့်နတ်သမီးကလည်း
"ငိုကြီးနဲ့ချက်မ"
ဒီနိုင်ငံမှာ...
လူဖြစ်ရတာ
ကုသိုလ်ကံတွေ
ကောင်းလှချည်ရဲ့တဲ့
ဗုဒ္ဓ နဲ့ ငါ
အဲ့မှာကို လွဲခဲ့တယ်...။
မတက်နိုင်ဘူး....
ရှိရှိသမျှ ဘုရား
အကုန်ကယ်ပါ...
"အတ္တာဟိ အတ္တာနော
နာထော" ရတာလည်း
မောလှပြီ....။
ကမ္ဘာမကြေ တဲ့
တောက် ခေါက်ရပေါင်းလည်း
အလီလီ.....
ဟော..ဒီက
ဟော.…ဒီက
"ပြိုလဲနေတဲ့ တိုင်းပြည်"
/ငရာ/
"အမှန်တရားဘက်မှာ ငါတို့ ရပ်တည်မယ်"
ReplyDeleteကိုယ် ယုံကြည်တဲ့ဘက်က ရပ်တည်မယ်
အမှန်တရားဘက်မှာ ငါတို့ ရပ်တည်မယ်
အမှန်တရားကို ဘာနဲ့တိုင်းတာမလဲ ...?
အများအတွက်
အကျိုးရှိခြင်း / မရှိုခြင်းနဲ့ တိုင်းတာမယ်
ကမ္ဘာကြီးတစ်ခုလုံး သက်သေရှိပါတယ်
ငါတို့ဟာ အထိအခိုက်အကျအရှုံးများပေမယ့် ဓမ္မဘက်က ရပ်တည်ခဲ့သူတွေ ဖြစ်တယ်...
San Zuren ��
"ပိုကြိုးစားကြမယ်"
ReplyDeleteကိုယ်တွေရွေးချယ်ထားတဲ့ လမ်းဟာ
သူ့ဘက်ကထိခိုက်တာတွေပဲ ရှိတာမဟုတ်သလို
ကိုယ့်ဘက်ကလည်း ထိခိုက်ဆုံးရှုံးရတာတွေ
ရှိတယ်ဆိုတာ သိသိရက်နဲ့ရွေးခဲ့ကြတာပဲ
ဒီလမ်းဒီခရီး ရွေးပီးကတည်းကတစ်ခုခုထိခိုက်ဆုံးရှုံးရတိုင်း
ငါတို့ပိုစည်းလုံးကြရမယ်
ငါတို့ပိုညီညွတ်ကြရမယ်
ငါတို့ပိုကြိုးစားရမယ်ဆိုတဲ့
ခံယူချက်ကို စွဲစွဲမြဲမြဲထည့်ထားပါ
နာကျင်ခြင်းတွေကို အဖော်ပြုပြီး
ဒရမာခင်းစရာ ဘာအကြောင်းမှမရှိဘူး
ငါတို့အရာအားလုံးကိုတောင် စတေးခဲ့ရပီးပီပဲ
ဘာထပ်ဆုံးရှုံးရအုံးမှာလဲ
သေခြင်းဟာ အဆုံးသတ်မဟုတ်ဘူး
သူတို့အသက်ပေးခဲ့မှုနဲ့ ထိုက်တန်တဲ့
ခေတ်သစ်စနစ်သစ် နိုင်ငံတော်သစ်
မွေးဖွားလာဖို့ ကျန်ရစ်ခဲ့သူတွေ
ငိုကြွေးတာကို ရပ်တန့်ပြီး
လုပ်ရမယ့်အလုပ်ကို နှစ်ဆကြိုးစားလုပ်ပြီး
ဒီထက်ပို ညီညွတ်ကြရအောင်
San Zuren
"ဒိုင်ယာယီ"
ReplyDeleteလွတ်လပ်ခြင်းဟာ ချစ်ခြင်းတရားလိုပဲ သိပ်အဖိုးတန်တယ်ဆိုတာ သိခဲ့ရတယ်
ယုံကြည်ချက်ဟာ ရှင်သန်မူထက် လေးနက်တယ်ဆိုတာ ကြုံခဲ့ရတယ်
လူငယ်တွေဟာ ထင်တာထက် ပိုသန်မာတယ်ဆိုတာ မြင်ခဲ့ရတယ်
ရှင်သန်မူရဲ့တန်ဖိုးဟာ ရေပွက်ပမာ ခဏတာပဲဆိုတာ သိခဲ့ရတယ်
အောင်မြင်မှု ကျော်ကြားမှုတွေဟာလဲ ဘာမှမဟုတ်ခဲ့ဆိုတာ သိလာရတယ်
ကိုယ်ခြင်းစာတရားနဲ့ ချစ်ခြင်းတရားကို ယုံနိုင်ဖို့လဲ ကြုံခဲ့ရပါတယ်
San Zuren
BETTER LIFE
ReplyDeleteပြည်စုံသည်ဖြစ်စေ
မပြည့်စုံသည်ဖြစ်စေ
ဘဝက မင်းကိုပေးတဲ့အရာကို
အမြဲရှိနေလိမ့်မယ်လို့
အတည်တကျ မမှတ်ယူပါနဲ့
မင်းဘဝကို ရှိနေတာထက်
ပိုကောင်းအောင် ကိုယ်တိုင် တစ်ခုခုကို
ဖန်တီးတည်ဆောက်လို့ ရပါတယ်
Don’t settle for what life gives you; make life better and build something.
San Zuren
"We Are Visitors"
ReplyDeleteငါတို့အားလုံးဟာ
ကမ္ဘာမြေပေါ်ကို ခေတ္တခဏရောက်လာကြတဲ့ ဧည့်သည်များသာ ဖြစ်ကြတယ်
ငါတို့ နေထိုင်ရမဲ့ ဒီလူ့ဘဝသက်တမ်းကာလကလဲ
အနှစ်တစ်ရာဆို အလွန်ဆုံးပါပဲလေ
ခဏတာရောက်လာတဲ့ လူ့ဘဝသက်တမ်းတိုတိုလေး မှာ
ငါတို့အားလုံး ငါတို့ဘဝအတွက် ကောင်းတာလုပ်ကြမယ်
ကိုယ်ရှင်သန်နေတဲ့ သက်တမ်းကာလမှာ ကောင်းတဲ့အရာ အသုံးဝင်စေတဲ့ အရာတစ်ခုခုကို ကြိုးစားလုပ်ဆောင် နေထိုင်ကြရအောင်
We are visitors on this planet. We are here for one hundred years at the very most.
During that period we must try to do something good, something useful, with our lives.
San Zuren
"ကယ်တင်ရှင် မမျှော်နဲ့"
ReplyDeleteမေခလာ လာကယ်မယ် ပြောလို့
ဇနက္က က ရေဆင်းကူးခဲ့တာ
မဟုတ်ပါဘူးလေ...
ဇနက္ကရဲ့ လုံလဝီရိယအားထုတ်မှုကြောင့် မေခလာ လာရတာပါ...
ကယ်တင်ရှင်တွေ မျှော်မနေနဲ့
ငါတို့လက်နဲ့ နိုင်အောင်တိုက်မယ်
ငါတို့ဘက်မှာ အမှန်တရား ရှိတယ်
နိုင်ငံတကာလဲ ဆက် မမျှော်နဲ့
ငါတို့တိုက်ပွဲ ဆက်နွဲဲကြမယ်
နိုင်တဲ့ဘက်ကို ကမ္ဘာကြီးက ရပ်ပါလိမ့်မယ်
San Zuren
Morningပါ Clickerတို့ရေ"
ReplyDeleteကျုပ်တို့လည်း ..
အဲ့ဒီစိတ်တွေနဲ့ နိုးထ
တိုးကြွလာတဲ့
တော်လှန်ရေးမှာ
ထောက်ပို့အားတွေနဲ့
အမြဲမပြတ် ....
ဆက်..ဆက် ပြိးတော့
တိုက်ပွဲဝင်....
နာမည်တွေ မလိုဘူး...
နေရာတွေ မယူဘူး...
သဲမှုန့်လေးတွေ
စုပေါင်းမိရင် ...
သောင်ခုံကြီးတောင်
ဖြစ်သေးတာပဲ..
မိစ္ဆာလှေတွေ
ငါတို့ ကမ်းကို ဆိုက်ရင်
စိစိညက်ညက်
ကြေရမယ် ....
Click တစ်ချက်
တိုင်းပြည်အတွက်
Click စုပေါင်း
အားသစ်လောင်း..
"နိုင်ငံသစ်" ကို သွားကြမယ်
သွားမယ် .. သွားမယ်
/ငရာ/
CLICKERS တို့၏ စုပေါင်းအား
ReplyDeleteတစ်ယောက်အားနှင့် ယူသော်မရ
တစ်သောင်းအားနှင့် ယူသော်ရ၏
ထင်းတစ်ချောင်းကို ချိုးဖို့ လွယ်ကူသော်လည်း
ထင်းစည်းကိုမူ မချိုးနိုင်
စည်းလုံးခြင်းသည် အင်အား
အမှန်တရားသည် ၀ရဇိန်လှံသွား
CLICKERS တို့၏ ကလစ်အားသည်
ပြည့်ထောက်ပံ့အား
မိုးရေမိုးစက်များ များပြားစုစည်းသည့်အခါ ပင်လယ်သမုဒ္ဒရာကြီးပင် ဖြစ်လာတော့သည်
ငါ့ကြိုးစားကလစ်ချက် မြန်မာပြည်သူတွေအတွက်
ငါတို့ကြိုးစားကလစ်ချက် တိုင်းပြည်အတွက်
San Zuren
END GAME
ReplyDelete~~~~
ဒီပွဲဟာ
ဓမ္မနဲ့ အဓမ္မရဲ့ပွဲ
စစ်အာဏာရူးတွေနဲ့
ပြည်သူတွေရဲ့ပွဲ
သေနတ်ပြောင်းကို
တဖက်တည်းပဲ
လှည့်ကြမယ်
စစ်အာဏာရူးတွေ
မျိုးပြုတ်စေရမယ်
This Is The End Game!
San Zuren
အမှောင်ယံတွေလွန်မှ
ReplyDeleteရောင်နီ ကို ရောက်တယ်
အလင်းရောင်တွေ
မလာခင် ...
အမှောင်ယံ တွေကြား
ငါတို့ လက်တွေ
ဆွဲထားမယ် ..
လမ်းပျောက်နေရင်
ဖေးကူ လက်တွဲကူလို့
လျှောက်ကြမယ်..
ဇာတ်လမ်းလေးတွေ
တစ်ပုဒ်စီ...
တိုးတိုးဆိုလို့
ရွတ်ကြမယ်....
ကျေနပ်စရာပါပဲ
လျှောက်မိတဲ့
ခြေသံ အနိမ့်အမြင့်
တိုင်းမှာ...
တော်လှန်ရေးစိတ်တွေ
အမြဲတမ်း ကို
ထပ်တူ ကျနေလို့
/ငရာ/
"ကလစ်တချက် တိုင်းပြည်အတွက်"
ReplyDeleteဒို့ မြန်မာပြည် ပြည်သူ့အရေးပေမို့
သွေးအေးမနေ မျိုးချစ်စိတ်တွေ
ဖန်ဖန်ဝေ၍ ကလစ်ချက်တွေ
ရာထောင်သိန်းသန်း နှိပ်ဖမ်းကာ
ကြိုးစားကြလျှင်ဖြင့် တိုင်းပြည်တခွင်
တိုက်ပွဲဝင် ပီဒီအက်ဖ်တွေ အတွက် အသက်ဆက် ရိက္ခာ လက်နက်စကြာမဟာ
မကွာပြည့်စုံမှာ ဖြစ်သောကြောင့်
မနှေးဆောလျင်စွာ ကြိုးစားကလစ်ကြပါစို့...
San Zuren
"For Happy Life"
ReplyDeleteဘဝမှာပျော်ရွှင်ဖို့က ကိုယ်လုပ်သမျှ အရာတိုင်း ရည်မှန်းချက်ထားတတ်ဖို့လိုအပ်ပါတယ်
ဘဝက တိုတိုလေးပါ
မကောင်းတဲ့ အတွေးမြင်တွေ ဖြတ်ထုတ်ပါ
အတင်းဖျင်းတွေမေ့လိုက်ပါ
ကိုယ့်ကိုမလိုသူတွေကို နှုတ်ဆက်ပါ
ကိုယ့်နားအမြဲရှိသူတွေနဲ့ပဲ အချိန်ကုန်ဆုံးလိုက်ပါ
Life is short.
Cut out negativity, forget gossip, say goodbye to people who don't care. Spend time with people who are always there.
San Zuren
This comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDeleteလိပ်ပြာလုံတယ်
ReplyDeleteကျမရဲ့
ရှင်သန်ခြင်း
မနက်ဖြန်တိုင်းမှာ
လောက အတွက်
အကျိုးပြုမှု တစ်ခု
ရှိနေမယ် ဆိုရင်
တန်ဖိုး မမဲ့ခဲ့ပါဘူး
ကိုယ်စွမ်းရှိသမျှ
ကြိုးစားခဲ့တာတွေ
အရာထင်ချင်တယ်
ခရီးဆုံးထိ
နောက်မလှည့်ပဲ
လျှောက်မယ်
သမိုင်းလှဖို့
ကြိုးစားတဲ့နေရာမှာ
ကိုယ့်ဖြစ်တည်မှုတိုင်းအတွက်
အသက် ရှင်သန်နေသမျှ
အသက်ရှုသံတိုင်းမှာ
လိပ်ပြာလုံတယ်
San Zuren
This comment has been removed by the author.
ReplyDelete"ဖက်ဒရယ်အိမ်မက်"
ReplyDeleteလူမျိုးစွဲမတိုက်ဘူး
ဒေသစွဲမတိုက်ဘူး
ငါတို့တိုက်တာ စနစ်တစ်ခု
တောင်တန်းမခွဲဘူး
မြေပြန့်မကွဲဘူး
ငါတို့တိုက်တာ စနစ်တစ်ခု
မြစ်ဧရာအစ
ချင်းတွင်းအဆုံး
သံလွင်မြစ်စီးသံ တအုံးအုံးနဲ့
အနောက်ဘက် ချင်း
အရှေ့ဘက် တိုင်းရင်းအစုံ
မြောက်ဘက်ကုန်းမှာ ကချင်တွေ ဆော်လို့
တောင်ဘက် ကရင်
ရှေ့တောင် ကရင်နီ
ဒီခေတ်ဆိုးကြီးကို လွန်ချင်နေကြ
ဖက်ဒရယ်အိပ်မက်
ပြည်ပျက်ကြီးကိုပြင်
အာဏာရှင်နေဝင်ချိန်နီးနေပြီ
San Zuren 🌸
"နာကျင် ပြည်သူ"
ReplyDeleteအစိုးရရယ် သံဃာရယ်
ပြည်သူရယ် စစ်တပ်ရယ်
အိပ်ငိုက်နေတဲ့ဒီမိုကရေစီဟာ
ငိုက်မရှက် မှောက်လျက်လဲတယ်
မျက်လှည့်တစ်ခုလိုစကေးမျိုးနဲ့
အလောင်းတွေဟာ ပုံထပ်နေခဲ့
နွံထဲကမထွက်နိုင်ခဲ့တာက
လည်ပင်းဓားထောက်ခံထားရတဲ့
သန်းပေါင်းခြောက်ဆယ် . . .
San Zuren 🌸
"တို့တတွေ"
ReplyDeleteတစ်ခေတ်တည်း
တစ်လှေတည်း
ဒုက္ခဟာ လက်ရည်တပြင်တည်း
အခက်အခဲတွေကြား
ရှေးကထက် ပို ချစ်ကြမယ်လေ
( တို့တတွေ )
San Zuren 🌸
ဆောင်းဒဏ်သင့် "ရဲဘော်"
ReplyDeleteအအေးဒဏ်ဆိုး
ငါ့ရင်တိုး၍
အရိုးဆွေးချင် ဆွေးပါစေ
တော၊ တောင်၊ ချောက်ကြား
အန္တရယ်များ၍
သွေးသားနာချင် နာပါစေ
ဆူး ၊ မြောင်၊ ချိုင့်ဝှမ်း
ခရီးကြမ်း၍ လှမ်းရခက်ခဲ
ခြေဖဝါး သွေးမြေ ကျပါစေ
အစားအသောက်
ရိက္ခာခြောက်တို့
မလောက်သော် ငြား
ဗိုက်မှောက်နေချင် နေပါစေ
ချွေးတစ်ကိုယ်ဖုံး
မြေဖုန်လုံးနှင့်
ပင်ပန်းနုန်းချိ နေပါစေ
သို့သော်ငြားလည်း
ငါ့အသက် ကား
ပြည်သူများ၏
ထောက်တိုင် တစ်တိုင်
ဖြစ်စေသတည်း....။
San Zuren 🌸
This comment has been removed by the author.
ReplyDeleteခိုင်းစား သုံးစားမရပဲ လူတွေကိုဒုက္ခပေးနေတဲ့နွားကြီးကို နွားသတ်ကုန်းသို့ တွန်းပို့ကြမယ်။
ReplyDeleteကိုယ်ကျန်းမာကြပါစေ၊ စိတ်ချမ်းသာနိုင်ကြပါစေ၊ဘေးအန္တရယ်ကင်းဝေးကြပါစေ။
ReplyDeleteနေ့တိုင်းဝင်ဖြစ်အောင်ကြိုးစားနေပါတယ်။ ဝင်လည်းဝင်ဖြစ်ပါတယ်။ တတ်နိုင်သမျှနေရာစုံဝင်ပေးနေပါတယ်။
ReplyDeleteအကြမ်းဖက်အုပ်စုဘက်က PCF တွေကိုသိပ်ကြောက်နေပြီ၊ ငါတို့ကတော့ ကလစ်လက်နက်နဲ့ အိမ်ထဲ ရုံးထဲ ကနေများများတိုက်ကြမယ်။ ဖိုက်တင်း။
ReplyDeleteThanks.
ReplyDeleteGood day to you.
ReplyDeleteHave a great day.
ReplyDeleteFighting.
ReplyDeleteOk💪💪💪
ReplyDelete